ကျွန်မတို့  မြန်မာနိုင်ငံမှာတော့ တချို့ အမျိုးသမီးတွေ အချင်းချင်းတွေ့ ရင် ရွှေဘယ်လောက် ၀တ်ထားလဲ၊ စိန်ကဘာစိန်လဲ၊ ဘယ်နှစ်ရတီလဲ… ဒါမျိုးတွေ ကြည့်ပြီး အကဲခတ်တတ်ကြတယ်။ shopping centreလိုမျိုး၊ စကော့ဈေးလိုမျိုးသွားတောင် လူကို ခြေဆုံး၊ခေါင်းဆုံးကြည့်ပြီး ရွှေတွဲလဲ၊ငွေတွဲလဲ မဟုတ်ရင် ဈေးကို စိတ်မပါ့တပါ ပြောတတ်တာ။ ဒါကြောင့်တချို့ ပြောကြတယ်။ ၀တ်ချင်လို့ ၊ ၀ါသနာပါလို့  တော့မဟုတ်ပါဘူး… လူရိုသေ၊ ရှင်ရိုသေအောင်လို့ ပါတဲ့။ နားကပ်လေးမှ မ၀တ်နိုင်ရင် ဘယ်တင့်တယ်မလဲတဲ့။ ကျောင်းတုန်းက အိမ်ထောင်ရေးကို ဈေးတွက်တွက်တဲ့ ကျောင်းသားတွေ တွေ့ ခဲ့ဖူးတယ်။ စီးတဲ့ကား၊ ၀တ်တဲ့စိန်၊ အဖေရာထူးကြည့်ပြီး ကောင်မလေးကို ချစ်ရေးဆို ချဉ်းကပ်သတဲ့။ တောက်… သူဝတ်ထားတဲ့ စိန်လက်စွပ်ကြီး ဈေးမနဲဘူးကွဆို မချင့်မရဲ ပြောတတ်သေး။ တချို့  ရင်ထဲက နှစ်နှစ်ကာကာ ချစ်ပေမယ့် ရွှေမရှိ၊ငွေမရှိ ချို့ ချို့ တဲ့တဲ့မို့  နောက်ဆုတ်သွား တတ်သေးတယ်။ ပြီးတော့ စကားပြောရင် လက်ကလေးခါခါ ခါခါနဲ့ ပြောတတ်တဲ့… သူလက်ခါလိုက်ရင် မျက်စိတွေကြိမ်းသွားအောင် စိန်တွေညွှတ်နေတဲ့ တယောက်ကို ချစ်လှပါချည့်ရဲ့ဖြစ်ကော။ ပရောက်ဖစ်ဆာမကြီး တယောက်ကတော့ ပိုက်ဆံတတ်နိုင်ရင်တောင် သူ့ ထက်ကြီးတဲ့ စိန်ဝတ်ရင် မကြိုက်ဖူးဆိုပဲ။ ဒါက ကျွန်မတို့  နိုင်ငံက ရွှေတွေ၊ငွေတွေရဲ့ အရေးပါမှုပေါ့။
ဒီရောက်တော့ မလေးရှားလူမျိုးကလွဲရင် စလုံးတွေက ရွှေဆိုမျှင်မျှင်လေးပဲ ၀တ်ကြတာ။ မျှင်နိုင်သမျှမျှင် တခါတလေ မြင်တောင်မမြင်ရဘူး။ မလေးရှားလူမျိုးတွေကတော့ မြန်မာလူမျိုးတွေထက်တောင် အတုံးလိုက်အခဲလိုက် ၀တ်သေးတယ်။ လူရိုက်လို့ တောင် ရလောက်တဲ့ ထုကြီးကြီးတွေ။ စလုံးတရုတ်မတွေကျတော့ တယောက်နဲ့ တယောက်တွေ့ ရင် မသိမသာ ပိုက်ဆံအိတ်ကိုကြည့်တယ်… ပြီးတော့ဖိနပ်ကိုကြည့်တယ်… နေကာမျက်မှန်ကို ကြည့်တယ်… အကျီင်္ကိုကြည့်တယ်…။ သန့် စင်ခန်းထဲရောက်ရင် ဘာနှုတ်ခမ်းနီလေး ထုတ်ဆိုးလဲကြည့်တယ်…။ ဓာတ်လှေကားထဲရောက်ရင် ရေမွှေးကို အနံ့ ခံတယ်။ brand ရောဂါပါ။ ဟယ်… သူလွယ်ထားတဲ့ LVလေးက ဒီဇိုင်းအသစ်လေးပါလား… သူ့ မှာ့ Gucci ဘယ်နှစ်အိတ်တောင် ရှိပါလိမ့်၊ တခါလွယ်ရင် အရောင်တမျိုး… သူ့ ဖိနပ်ကလေးက အရောင်လေးစိုပြီးလှနေတယ်ထင်တာ nine west ဖြစ်နေတာကိုး…။ ဒီနိုင်ငံရဲ့ brand အရေးပါ အရာရောက်မှုပါ။ သတင်းစာထဲမှာ ဘယ်brandက Saleဆို အပြေးအလွှား သွားကြ အချင်းချင်း ဖုန်းဆက်ကြ။
တချို့ တွေ အချင်းချင်းပြောနေရင် နားကို မလည်နိုင်ပါဘူး။ ပေါများလိုက်တဲ့brandတွေ။ အဲဒီbrandတွေ နောက်သာ ကောက်ကောက်ပါအောင် လိုက်ရရင် ရတဲ့လစာရဲ့ အဆပေါင်းများစွာ ပြောင်မှာပါ။ အိတ်တအိတ်ကို ဒေါ်လာထောင်ကျော် မပြောနဲ့  ရာကျော်ပေးဖို့ တောင် အထပ်ထပ် စဉ်းစားရတာမိုလား။ ကိုယ့်ဘီရိုဖွင့်လိုက်ရင် မbrandတာတွေက များပါတယ်။ ဘာပဲဖြစ်ဖြစ် ပတ်ဝန်းကျင်ရိုက်ခတ်မှုကြောင့် တခါတခါ ဈေးလေးဘာလေးချတယ်ကြားရင် လွယ်ကြည့်၊ မျက်မှန်လေးတပ်ကြည့်၊ အင်္ကျီလေးကောက်ဝတ်ကြည့်တာမျိုးတော့ လုပ်မိပါတယ်။ branded saleဆို ပေါချောင်ကောင်းလေးများ တွေ့ မလားလို့  မယောင်မလည်သွားဖူးပါတယ်။ လက်ဗလာနဲ့  ပြန်လာတာများပါတယ်။
ဟိုတနေ့ က ချစ်တဲ့သူငယ်ချင်းတယောက် သွားကိုက်နာ မခံစားနိုင်လို့  ဆရာဝန် သွားပြခိုင်းတာ ကုန်ကျစရိတ်က LV တအိတ် ၀ယ်လို့ ရတယ်ဆို နှမျောနေလို့  သွားကိုက်ရောဂါထက် ပြင်းထန်တဲ့ brandရောဂါပါလားလို့  တွေးမိပါသေးတယ်။ ကိုယ်လဲ ဘာထူးလဲ။ ကျွန်မတို့ ရုံးက shopping centerတွေနဲ့  ဝေးတာမို့  ရုံးမှာ ဈေးလာလာရောင်းကြပါတယ်။ ဒီနေ့ ဘာရောင်းမယ်ဆိုတာ ကြိုကြော်ငြာ ပါတယ်။ ဟိုတနေ့ က Mango Sale လို့  ကြော်ငြာထားတော့ အရမ်းကို ၀မ်းသာသွားပါတယ်။ Mangoဆိုတဲ့ စာတန်းလေးနဲ့  တီရှပ်လေး တထည်တောင် ကိုယ့်မှာ မရှိတော့ ဈေးလေးတော်ရင် ဆွဲလိုက်ဦးမှဆို စဉ်းစားပြီး ရောင်းတဲ့နေရာ အသွားမှာ တယောက်ထဲ ငိုအားထက် ရယ်အားသန် ဖြစ်ရပါတယ်။ Mango Sale ပါပဲ။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်ကလာတဲ့ ချိုမြမွှေးကြိုက်နေတဲ့ သရက်သီးဝါ၀ါလေးတွေပါ။ ကျွန်မထင်သလို တီရှပ်လှလှလေးတွေ မဟုတ်တာပါပဲ။ အတော်ကြောက်စရာကောင်းတဲ့ brand ရောဂါပါပဲ။
(စိတ်ဓါတ်ကျနေတဲ့ အမကြီးkom အတွက်အမှတ်တရ… မမရေ… အဖော်ရှိသေးတယ်… စိတ်ဓါတ်မကျနဲ့ နော်)
တန်ခူး
11:45pm 22-Jun-2009
အနတ္တလက္ခဏသုတ်
-
ဧကံ သမယံ ဘဂ၀ါ ဗာရာဏသိယံ ၀ိဟရတိ ဣသိပတနေ မိဂဒါယေ။ တတြ ခေါ ဘဂ၀ါ ပဉ္စ၀ဂ္ဂိယေ ဘိက္ခူ အာမန္တေသိ– “ဘဂဝေါ”တိ။ “ဘဒန္တေ”တိ တေ ဘိက္ခူ ဘဂ၀တော ပစ္စေဿာသုံ။ ဘဂ၀ါ ဧတဒဝေါစ–အခါတစ်ပါး...
8 hours ago
